0

ဝေးနေတဲ့ခဏ
ဘ၀က အထီးကျန်တယ်.
အလိုလို အကျည်းတန်သွားတဲ့ စိတ်ကူး
ငါကိုယ်တိုင် မမြင်ဖူးလိုက်ပါဘဲ သေမိန့် ကျသွား
ငါ့ ၀ိဥာဉ်ဆိုတာ မင်းးအနားက ပန်းဖြစ်စေသား ချစ်သူ ရယ်.
လွမ်းနေဆဲ ခဏ
သတိတရ ရှင်သန်တယ်…
မင်းမရှိဘဲ မလှမ်းတတ်တော့တဲ့ ခြေဦး
သောကရဲ့ ဆူးတွေ နစ်ဝင်
သွေးစိမ်းတွေရှင်ရှင်နဲ့
မင်းရင်ခွင်မှာ ခြေရာကျန်ပါရစေ ချစ်သူ ရယ်.
အဲဒီလိုနဲ့ ပဲ ချစ်သူ ရယ်.
လွမ်းရက်တွေ အကြောင်း
အငိုလွယ်သူရဲ့ မျက်ရည်တွေ အကြောင်း
မြက်ခင်းစိမ်းစိမ်းတွေရဲ့ ပျော်စရာတွေအကြောင်း
အတူတူ သောက်ခဲ့ဖူးတဲ့ လက်ဖက်ရည်ခွက်ထဲ
မာရ်နတ်ရဲ့ ချွေးတစ်စက် ရောယှက်သွားသလို
ဘ၀က ပူလောင်လွမ်းဆွေး
ခဏတော့ ဝေးနေဆဲ ……….
ငါတို့ လက်တွေခိုင်ခိုင်တွဲဖို့ ရဲရင့်စေချင်ပါတယ် ချစ်သူ.

ကံတရားရဲ့ နက္ခတ်က ဘယ်လိုကြမ်းကြမ်း
ကျွန်တော်နဲ့ ချစ်သူရဲ့ လမ်းကိုတော့
ပန်းခင်းပေးစေချင်ပါတယ်………. အရှင်ဘုရား.

နက္ခတ်သစ်

Comments are closed.